ဒီဇင်ဘာအလွမ်း ( Henry Aung )

in HIVE-MYANMARlast month

111.jpeg

မင်္ဂလာပါ။ ရန်ကုန် ဆောင်း၏ အရသာကတော့ အနည်းငယ်ချမ်းသယောင်ယောင် ထင်ရပါသည်။ နံနက်ပိုင်းကတော့ အအေးပိုလာပြီ ဖြစ်ပါသည်။ အခါတိုင်းလို နံနက်စောစောထ ရေမိုးချိုး လုပ်၍ မရတော့ပါ။

ရေချိုးချင်လျင် နေ့လည် ၁၁ နာရီ / ၁၂ နာရီ လောက်တွင် ချိုးရပါသည်။ အိမ်တွင်း အုတ်ကန် ဆိုတော့ ရေမှာ စိမ့် နေအောင် အေးပါသည်။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာလ၏ အရသာတော့ အနည်းငယ် ခံစားရသယောင်။

ယမန်နှစ်ကတော့ Covid နှိပ်စက်သသည့် တိုင် အိမ်တွင် ခရစ်စမတ် မီးအလှဆင်ခြင်း / ခရစ်စမတ်အတွက် အိမ်တွင်း အလှအပပြင် ဆင်ခြင်း များပြုလုပ်နိုင်သော်လည်း ယခုနှစ်က​ တော့ ကျွန်တော်တို့ ရိုမန် ကက်သလစ် အသင်းတော်မှ အိမ်တွင်း အလှအပပြင် ဆင်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခြင်းမလုပ်ကြပါရန် တားမြစ်ထားပါသည်။

ချမ်းအေးလှသော ဒီဇင်ဘာတွင် ပြည်သူ အတော်များများ တောတောင်များတွင် စစ်ဘေးရှောင်နေကြသည်ဖြစ်ရာ စားစရာမရှိ / နေစရာ မရှိရသည့် အထဲ အရိုးကွဲအောင် အေးသည့် ဆောင်းရာသီက ထပ်မံ နှိပ်စက်နေချိန် ကျွန်တော်တို့ ပျော်ရွှင်နေ၍ မဖြစ်ပါ။

အမှန်တော့ ဤ ဒီဇင်ဘာရောက်တိုင်း အိမ်ပြန်စရာ မရှိသော / မပြန်နိုင်သေးသော / မိသားစု နှင့် ဝေးကွာနေရသူတိုင်း အား ကျွန်တော် ကိုယ်ချင်းစာပါသည်။ ဒီဇင်ဘာသည် မိသားစု စုံစုံလင်လင် / မိတ်ဆွေသူငယ်ချင်း များဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းရမည့် အချိန်အခါ ဖြစ်ပါသည်။

ကျွန်တော်တို့ ငယ်စဉ်ကတော့ မိသားစု နံနက်စောစော မီးပုံဘေးတွင် မီးလှုံရင်း ခေါပုတ်ကင်စားကြ / ကော်ဖီသောက်ကြ အေးချမ်းလွန်းလှသဖြင့် တယောက်နှင့်တယောက် ပူးပူးကပ်ကပ် နေကြရသည့် အချိန်များ ဖြစ်ပါသည်။ ယခုလည်း တောထဲတောင်ထဲတွင် ဒုက္ခရောက်နေကြသူများ / အချို့ကလည်း ယုံကြည်ရာအတွက် တောထဲရောက်ကြသူများအား ကိုယ်ချင်းစာမိပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း မိသားစုနှင့် ဝေးကွာ၍ စင်္ကပူ တွင် အလုပ်လုပ်နေရချိန်၌ ဒီဇင်ဘာရောက်မှာကို အလွန်စိုးရိမ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မိသားစုနှင့် ဝေးကွာနေရသူအဖို့ ခရစ်စမတ်တေးသံသည် ငိုချင်း ဖြစ်ပါသည်။

အများအား ဖြင့် ခရစ်စမတ်ရောက်တိုင်း ကျွန်တော့ သူငယ်ချင်း များဖြင့် ဂစ်တာတီးရင်း " ဒီဇင်ဘာ အလွမ်း " သီချင်း ဆိုတိုင်း ဆိုတိုင်း မျက်ရည် မကျမိသည့် အချိန်မရှိခဲ့ပါ။ ယခုလည်း တောထဲ တောင်ထဲ အိမ်နှင့် ဝေးနေရသော ပြည်သူများ အဖို့ ခရစ်စမတ်တေးသံသည် ငိုချင်း ဖြစ်နေမှာကို ကျွန်တော် စိတ်ပူပါသည်။

မိသားစု နှင့် အဝေးမှာ / အိမ်နှင့် အဝေးမှာ နေဘူးသူတို့သာလျင် ဤခရစ်စမတ်အလွမ်းကို ခံစားတတ်ကြပါလိမ့်မည်။ ဒီဇင်ဘာ အလွမ်း သီချင်းအား အောက်တွင် ဖေါ်ပြပေးလိုက်ပါသည်။

ဤ သီးချင်းသံခံစားရင်း တောထဲ တောင်ထဲတွင် ဖက်ရွက်များဖြင့် ထမင်းစားနေကြသူများ / ညစ်ပတ်ပေတူး၍ မျော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေသော ခလေးငယ်များ / တာလပတ် အမိုးအောက်တွင် ဖြစ်သလို အိပ်နေကြရသော ပြည်သူများ / မိမိတို့ အိမ်များ မီးလောင်ကုန်သည်ကို ကြေကွဲစွာ ကြည့်နေရသူများ ...... ထိုသူတို့အား မြင်ယောင်ကြည့်ပါ...

ဒီဇင်ဘာအလွမ်း သီချင်းနားထောင်ရန်

Henry Aung ( Kachin )

07/12/2021 - Tuesday - 17;58 Pm

Sort:  

ဒီဇင်ဘာအလွမ်းဆိုတဲ့ အတိုင်း ပျော်စရာရော လွမ်းစရာတွေရော အေးအတူ ပူအမျှ ကြိုးစား ဖြတ်သန်းကြရအုံးမှာပေါ့...!PIZZA

တလှေတည်းစီးနေတဲ့ ခရီးသွားတွေကိုး ... !PIZZA. !LOL

Did you hear about the actor who fell through the floorboards?
He was just going through a stage.

@uthantzin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

ကိုဟင်ရာ ခုချိန်မှာ ဒေသအသီးသီးမှာ ခိုကိုးရာမဲ့နေတဲ့ ပြည်သူတွေမျက်နှာကို ပြန်မြင်ယောင်ပီး အရမ်းဝမ်းနည်းမိတယ်။

ဟုတ်တာပေါ့... အချို့ဆိုရင် အိမ်မပြန်နိုင်တာ အနှစ် ၄၀ လောက်ရှိနေကြပြီ။ !PIZZA. !LOL

People who are color blind have the highest rates of divorce.
They can't see the red flags.

@nyimwa, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

အုန်ကန်နဲ့ ရေချိုးတာဆို ညအိပ်ရေတွေ မချိုးပါနဲ့ဗျာ ကျန်းမာရေးထိခိုက်မယ်။ !LOLZ !PIZZA !LUV

Did you hear about the kidnapping at school?
It’s fine he woke up.

@kachinhenry, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

ညဘက်တော့ မချိုးနိုင်ဘူးဗျို့... တရက် တခါပဲ... ဒါတောင် နေ့လည်မှ။ !PIZZA. !LOL

What's a spy's favourite confectionery?
Subterfudge.

@nyinyiwin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)

ဖတ်ရင်းနဲ့ မျက်ရည်ပါဝဲလာရပါတယ်။
မြန်မာပြည်သူများအားလုံး ဘေးရန်ရှင်းပြီး
အခက်ခဲများပြဿာနာများ ပြေလည်ကြပါစေ...

!PIZZA

အစ်ကိုလည်း အဲသလိုပဲ ဆုတောင်းပါတယ်။ !PIZZA. !LOL

A priest was arrested at a church
He was convicted for mass murder.

@myanmarkoko, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

ခရစ္စမတ်က မိသားစုတွေနဲ့ဆို ပျော်ဖို့ကောင်းသလို
မိသားစုနဲ့ဝေးနေတဲ့အခါ အင်မတန်လွမ်းစရာကောင်းမှာပ။
!PIZZA
!LOLZ

I found nasty month-old leftover mac and cheese in the fridge.
It was a case of age-related macaroni degeneration.

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

အားလုံး ဘုရားကောင်းချီးပေး ပါစေပဲ ဆုတောင်းရတာပါ့။ !PIZZA. !LOL

Did you hear about the Irish guy who was assasinated at the antique store?
It was a knick knack paddywhack!

@htwegyi, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)

တွေးကြည့် မြင်ယောင်ကြည့်လိုက်ရင် ဝမ်းနည်းစရာတွေကြီးပါပဲ အကို
!PIZZA
!LOLZ

A father was washing his car with his son
And the son says, “dad, can’t you use a sponge?”

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

ဘယ်တတ်နိုင်မလဲ... မြန်မာပြည်မှာလူ ဖြစ်လာရပြီကိုးလို့။. !PIZZA. !LOL

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ဟူး...
ရင်မောလှ၏။
!PIZZA

အခုမှ အစရှိပါသေးတယ်။. !PIZZA. !LOL

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ခုမှပဲနားထောင်ဖူးတယ်။ အမမိသားစုနဲ့နေနေရတာတောင် အိမ်ပြန်ချင်စိတ်ဖြစ်မိတယ်။😔

ဟိုအရင်ချိန်ကတော့ ဒီသီချင်းနဲ့ပဲ ကြိတ်ငိုနေခဲ့ရတာ.....!PIZZA. !LOL

What did the priest get the altar boy for his birthday?
A Praystation 5

@nweoomon, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

Your content has been voted as a part of Encouragement program. Keep up the good work!

Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped nyimwa (x1)
kachinhenry tipped myanmarkoko (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped nyinyiwin (x1)
@kachinhenry(8/16) tipped @naythan (x1)
kachinhenry tipped donjaun (x1)
donjaun tipped kachinhenry (x1)
naythan tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)

Join us in Discord!