Hive Platform ဖြင့်တန်ခိုးရှိစေရန် ( Henry Aung )

in HIVE-MYANMAR2 months ago (edited)

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ ၏ Hive ကတော့ USD 1$ ဟူ​သော ဈေးကို အချိန် အတော်ကြာ ထိန်းထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခင်ကတော့ 1$ ကျော်သွားလိုက် နာရီပိုင်း အတွင်းပြန်ကျသွားလိုက်ဖြင့် ပျော်ရွှင်မှုကလေး ခဏသာတော့ ခံစားလိုက်ရပါသည်။

ယခုလည်း 1$ ကျော်အား ဘယ်နှစ်ရက် ထိန်းထားနိုင်မည်တော့ မသိသေးပါသည်။ Hive Platform အနေဖြင့်ခရီးရှည် လျှောက်လှမ်းရအုံးမည် ဖြစ်ပါသည်။ ပထမဆုံးအနေဖြင့် Hive အားလူကြိုက်များလာအောင် Hive Platform အောင်မြင်အောင် လုပ်ဆောင်ရမည် ဖြစ်ပါသည်။

ဤ သို့လူကြိုက်များလာ၍ ဈေးကွက်တွင် နေ့စဉ် ဝယ်ရောင်း ဒေါ်လာ သန်း၅၀၀ အထက်ရှိလာလျင် Coinmarketcap ၏ ထိပ်တန်း Cryptocurrency အဆင့် ၁ - ၁၀၀ အတွင်း ဝင်လာနိုင်မည် ဖြစ်ပါသည်။ ဤသို့ ဖြစ်လာစေရန်လည်း Hive အတွင်းရှိ Project များ အောင်မြင်ပါမှ အဆင်ပြေမည် ဖြစ်ပါသည်။

ယခုအချိန်ထိ လောက်လောက်လားလား အောင်မြင်မှုဟူ၍ Splinterland တခုသာ ပြနိုင်ပါသေးသည်။ Leofinance ကလည်း အောင်မြင်ခဲ့သည်ဟု ဆိုယုံသာ ဖြစ်၍ ထိုအောင်မြင်မှုအား ရေရှည် မထိန်းထားနိုင်ခဲ့ပါ။

ကျွန်တော့ အနေဖြင့် Hive Blockchain အား သဘောကျသည်မှာ Hive သည် လူတဦးတယောက်၏ ထိန်းချုပ်မှုတွင်မရှိပဲ အဖွဲ့လိုက် စုစုစည်းစည်း ဖြင့် လုပ်ရှားနေသော Blockchain ဖြစ်ပါသည်။

မည်သည့် အဖွဲ့အစည်း မဆို Hive Blockchain အောင်မြင်ရန် အတွက် Project Proposal ရေးတင်နိုင်ပါသည်။ မိမိ project အား Vote ပေးသူများလျင် မိမိ Project အတွက် Fund ရရှိနိုင်ပါသည်။

လက်ရှိ Hive Blockchain တွင် လည်ပတ်နေသော Project အတော်များများရှိရာ အားလုံးနီးပါက Hive Blockchain အားမည်သို့ ကောင်းမွန် တိုးတက်အောင် လုပ်ဆောင် ကြမည်ဟူသော Project များသာ ဖြစ်ပါသည်။

ယခင် Steemit ကာလများတွင် ပြသနာ အတော်များများ ရှိခဲ့ပါသည်။ Power တလွဲ အသုံးချသူများ အများအပြားတွေ့ခဲ့ရပါသည်။ အချိုက အခြားသူများ၏ post အား Comment ချပေးသည်။ မူရင်း Post ပိုင်ရှင်၏ post အား 10 ဖိုး vote ပေးကာ မိမိ Comment အတွက်တော့ 100 ဖိုး vote ယူကြပါသည်။

Power အားကြီးသူ အချို့က Vote ရောင်းစားကြသလို အချို့ကလည်း ကပေါက်တိကပေါက်ချာ ရေးချင်သလိုရေ ကာ မိမိ post အား မည်သူမျှ vote မပေးလည်း မိမိကိုယ်တိုင် Vote ယူ ကြပါသည်။ စသည်စသည်ဖြင့် ထို့နောက် Down Vote System ထည့်လိုက်သော အခါ ပြသနာများ ပို၍ ကြီးထွားခဲ့ပါသည်။

ယခု Hive တွင်တော့ ထိုပြသနာ အတော်လေးနည်းသွားသည်ကိုတွေ့ရပါသည်။ ဤ သည်မှာ အထက်တွင် ဖေါ်ပြခဲ့သော Proposal များ၏ အကျိုးကျေးဇူးပင်ဖြစ်ပါသည်။

ကျွန်တော့ အထင် ( အထင်သာ ဖြစ်ပါသည် ) Hive ဈေးနှုန်း ယခုကဲ့သို့ 1$ အထက်သို့ တည်တည် ငြိမ်ငြိမ် ရောက်လာသည်မှာလည်း ထို Project Proposals များ၏ အကျိုးသက်ရောက်မှု အများကြီးပါဝင်ပါလိမ့်မည်။ ကျွန်တော့ အနေဖြင့် Steemit မှ Hive ကို ပြောင်းလာခဲ့သည်မှာ ရွေးချယ်မှု မှန်ကန်သည်ဟု ယုံကြည်ပါသည်။

ယခု အချိန်ထိ မိမိ Hive အကောင့်အား ပြန်ကြည့်လိုက်တိုင်း ကျွန်တော်၏ ကြိုးစားအားထုတ်မှုအတွက် ဂုဏ်ယူမြဲ ဖြစ်ပါသည်။ ဟိုယခင် Steemit ကာလမှ ယခု Hive Platform အထိ ကျွန်တော့ အနေဖြင့် အဆိပ် အတောက် ဖြစ်စေသော အမုန်းပွားစေသော စာ / ဆောင်းပါးများ မရေးသားခဲ့ပါ။

ဤ Social Media Blockchain အား မြန်မာလူငယ်တို့ နှင့် မိတ်ဆက်ပေးခဲ့ခြင်း အတွက် ကျွန်တော့ ဘယ်တော့မှ နောက်တရခြင်း မရှိခဲ့ပါ။ ဟိုယခင်က ကျွန်တော်တို့ အိမ်မက်ကြီးကြီး မက်ခဲ့ကြပါသည်။ ယခုလည်း မက်နေဆဲဖြစ်ပါသည်။ ယခင်ကလည်း လူငယ်များကို တွဲ ခေါ်ခဲ့ပါသည် ယခုလည်း တွဲခေါ်ဆဲဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် တွဲခေါ်နိုင်ခြင်းသာ တတ်နိုင်၍ Hive Platform ရှိ မိမိအိမ်မက်အား အကောင်ထည် ဖေါ်ရန်မှာ မိမိ လုံးလ ဝရိယ သာအဓိကဖြစ်ပါသည်။ မိမိတွင် ရည်ရွယ်ချက် ရည်မှန်းချက်လည်း ရှိသည် / ထိုရည်မှန်းချက်ရောက်ရန် မပြတ် ဆည်းပူးလေ့လာသည် / နေ့စဉ်မပြတ်လည်း ဝရိယ ထား၍ လုံးလပြု သူတို့သည် တန်ခိုးရှိ သူများ ဖြစ်ပါသည်။

ယခု ဤ Hive - Myanmar Community တွင်လည်း တန်ခိုးရှိသူတို့ ရှိနေကြပြီ ဖြစ်ပါသည်။ သူတို့သည် တို့ထိမရ / ကိုင်တွယ်၍ မရသော ကိန်းဂဏန်း တို့အား တန်ခိုးဖြင့် ပိုက်ဆံ အဖြစ်ပြောင်းလည်း နေနိုင်ကြပြီ ဖြစ်ပါသည်။

Henry Aung ( Kachin )

17/11/2021 - Wednesday - 18;01 Pm

Sort:  

I got a power
he he
!PIZZA

Then …. You got the power to create money… !PIZZA !LOLZ. !LUV

ကိုဟင်တို့ မိတ်ဆက်ခေါ်ဆောင်ခဲ့လို့ အခုလို Social Media Blockchain ပေါ်မှာ အိမ်မက်ကြီးကြီးမက်ခွင့်ရလာတာပါ။ !LOLZ

Introspection sucks
If you think about it.

@kachinhenry, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)

အိမ်မက်တော့ ရှိထားပြီ။ အကောင်ထည်ဖေါ်ဖို့ပဲ လိုတော့တယ်။ !PIZZA. !LOLZ. !LUV

Yesterday a clown held a door open for me.
I thought it was a nice jester.

@nyimwa, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)


@kachinhenry(1/1) gave you LUV | wallet | market | connect | <><

မှန်လိုက်လေ ကိုဟင်ရေ တကယ်ကို နောင်အနာဂါတ်မှာ တန်ခိုးထွားလာတော့မှာဗျ။ Hive ပလက်ဖောင်းကြီး အောင်မြင်ပါစေ။ !PIZZA

ကိုရွှေဘိုလည်း အောင်မြင်ပါစေ... !PIZZA. !LOLZ. !LUV

I know my wife loves it when I tickle her
She laughs while I'm tickling and is angry at me when I stop.

@nyinyiwin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

ဟုတ်တယ် 1$ နဲ့ လောလောဆယ်အထိတော့ ထိန်းထားတာပဲ။Hive platform များများ အောင်မြင်ပါစေလို့....!PIZZA

ခုတော့ မထိန်းနိုင်တော့ဘူး... ပြန်ကျသွားပြီ။. !LOLZ. !PIZZA. !LUV

Where does Michael Phelps like to drink?
At dive bars.

@uthantzin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)

တန်ခိုးရှိအောင် ကြိုးစားနေတယ် အကို
စာပြန်ရေးတာ သုံးလကျော်လောက်ကို hp 400 ကျော်လောက်ပြန်စုမိပြီ အကို
HDB ကတော့ ဂိမ်းထဲပြန်ထည့်တာနဲ့ token စုတာနဲ့ မကျန်တော့ဘူး
!PIZZA
!LOLZ

Apparently to start a zoo you need at least 2 pandas a grizzy and 3 polars.
It’s the bear minimum.

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/8)

တချိန်ကျရင် တကယ်တန်ခိုးရှိလာပါလိမ့်မယ်။. !PIZZA. !LOLZ. !LUV

Apparently to start a zoo you need at least 2 pandas a grizzy and 3 polars.
It’s the bear minimum.

@naythan, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

ကျွန်တော်လည်း အပေါ်က လူပျိုကြီး ကိုဒွန့် မန့်သလိုပါပဲ 😁
!PIZZA
!LOLZ

တန်ခိုးရှင်တွေ... Hive ဈေးတက်အောင် မစတော်မူပါ။ ဝစကီလည်း ဆက်ပါ့မယ် ဖွာတော်လည်း ဆက်ပါ့မယ်။😀😀😀. !LOLZ. !PIZZA. !LUV

I'd like to start a diet.
But I've got too much on my plate right now.

@htwegyi, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped donjaun (x1)
donjaun tipped kachinhenry (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
naythan tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
uthantzin tipped kachinhenry (x1)
@kachinhenry(5/20) tipped @htwegyi (x1)
kachinhenry tipped uthantzin (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped naythan (x1)

Learn more at https://hive.pizza.

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more