ကျွန်တော် တောသားမြို့ရောက် ( Henry Aung )

in HIVE-MYANMAR2 months ago (edited)

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ Hive အကြောင်း ခဏလေး နားထားကာ အခြား အကြောင်းအရာ တို့အား ဆက်ကြပါစို့။ အခြား အကြောင်း အရာဟု ဆိုသော်လည်း ယခုခေတ်ကာလ အခြေအနေမှာလည်း ရေးချင်စရာ တကွက်မှ မရှိ။ လောက ငရဲ အကြောင်း ရေးရလျင်လည်း စာဖတ်သူ မိတ်ဆွေတို့ ၂ ဆတိုး စိတ်ဆင်းရဲစရာ သာ ဖြစ်မည်စိုးသော ကြောင့် ကျွန်တော့ အကြောင်းအားသာ ရေးပြပါမည်။

ယခု ကျွန်တော်ရေးပြမည့် စာစုမှာ မည်သူ့ကိုမျှ စောင်းမြောင်း ရေးသားထားသည် မဟုတ်ပဲ ကျွန်တော် ၏ အဆီအငေါ် မတည့်သော အဖြစ်များအား မိတ်ဆွေတို့အား ဝေမျှပေးလိုရင်း သက်သက်သာ ဖြစ်ပါသည်။

ကျွန်တော် မြစ်ကြီးနားတွင် ၇ တန်း အောင်၍ ရန်ကုန်တွင် ၈ တန်းတက်ခဲ့ရပါသည်။ မဟာရန်ကုန် မရောက်ခင်ကတော့ ရန်ကုန်မြို့ကြီးအား အိမ်မက်မက်ကြည့်ခဲ့ပါသည်။ ကြီးကျယ်ခန်းနားသော မြို့တော်ကြီး အဖြစ်။ ဟုတ်ကဲ့။ တကယ်ရန်ကုန် ရောက်လာသော အခါ လယ်ကွင်း ခေါင်ခေါင် တွင်တည်ဆောက်ထားသော ဒဂုံ မြို့သစ်ရှိ ဒဂုံတက္ကသိုလ် သို့ဖြစ်ပါသည်။

ဤ ဒဂုံတက္ကသိုလ် တွင် နေထိုင်ရသည့် အကြောင်း အသေးစိတ်သိလိုလျင် " ကျွန်တော် ရန်ကုန် ရောက်ခဲ့စဉ်က " ခန်းဆက်ဆောင်းပါးများ သာ ရှာဖတ်ကြပါလေ။ ဆိုတော့ ကျွန်တော် ရန်ကုန် ရောက်ပြီး ရန်ကုန် ယျဉ်ကျေးမှုနှင့် စတင်မိတ်ဆက်ရပါသည်။ မည်သို့သော ယျဉ်ကျေးမှုနည်း။ ဟုတ်ကဲ့ အကြွား ယျဉ်ကျေးမှု ဖြစ်ပါသည်။

ရန်ကုန်သို့ ရောက်ပြီး တနှစ် / နှစ်နှစ် ကျောင်းနေသူငယ်ချင်းများရလာသော အခါ တခါတရံ ကျွန်တော် အင်္ကျီ ကောင်းကောင်း ဝတ်လာလျင် သူငယ်ချင်းများက ပထမဆုံး အင်္ကျီ အသားစ ကိုင်ကြည့်မည် ထို့ နောက် ကော်လံမ ကာ အတွင် တံဆိပ် ကြည့်မည်။ အစပိုင်းတွင် သူရို့ ဘာလုပ်မှန်း မသိခဲ့ပါ။

နောက်မှ တဖြည်းဖြည်း သဘောပေါက်လာပါသည်။ နင့် အင်္ကျီက ဘာအမျိုးအစားလဲ ဟူ၍ စစ်ဆေးကြခြင်းသာ ။ ထိုအချိန်က သူငယ်ချင်းများကြားတွင် Hang Ten အင်္ကျီ ဝတ်နိုင်သူသည် အကောင်ဟု ဆိုနိုင်ပါသည်။ ကျွန်တော့ အတွက်တော့ အင်္ကျီသည် ကြွားစရာတခုဟု ဘယ်တုန်းကမှ မမြင်ခဲ့ပါ။

မည်သည့် အဝတ်စား ဝတ်ဝတ် ကိုယ်နှင့် လိုက်ဖက်လျင် ဥပဓိရုပ် ထွက်လာသည်သာ ဖြစ်ပါသည်။ ထို့နောက် ကျွန်တော် ၁၀ တန်းအောင်ပြီး လုပ်ငန်းခွင်ဝင်သော အခါ အကြွား နောက်တမျိုးနှင့် ကြုံရပါသည်။ ဟုတ်ကဲ့။ မင်္ဂလာဆောင် ဖြစ်ပါသည်။

မင်္ဂလာ ဆောင် ဆို၍ ကျွန်တော်တို့ မြစ်ကြီးနား တွင် မင်္ဂလာဆောင် ဟု ဆိုလိုက်လျင် ဝါးတီး ( ဗိုက်ခွေးနမ်း ) အကြီးစားဟု မြင်ပါသည်။ ချမ်းသာလျင် ချမ်းသာသလောက် အကျွေးအမွေးတွင် ဇာချဲ့ကြပါသည်။ ထမင်း နှင့် ဝက်သား / ကြက်သား / ဟင်းချို / အရံဟင်း စသည်ဖြင့် ။

မည်မျှ ဆင်းရဲပါသည် ဆိုသည့် တိုင် မင်္ဂလာဆောင် တွင် ထမင်းနှင့် ဝက်သား ဟင်း ဖြစ်ပါသည်။ ဝက်သား အများကြီးမတတ်နိုင်သည့်တိုင် အာလူးနှင့် ဝက်သား ရောပါသည်။ ချမ်းသာသူများက အမဲသား / ဝက်သား / ငါး / ကြက် / စသည်ဖြင့် ။ ထားပါ ဤသည်က ကျွန်တော်ကြီးပြင်းလာရာ မြစ်ကြီးနားတွင် ကျင်းပကြသော မင်္ဂလာဆောင် များ အကြောင်း ဖြစ်ပါသည်။

ယခု ရန်ကုန် မင်္ဂလာဆောင် နှင့် တွေ့ပါလေပြီ။ သတိုးသားမှာ ကျွန်တော် အလုပ်ဝင်လုပ်နေသော ကုမ္ပဏီ မှ ဝန်ထမ်း ဖြစ်ပါသည်။ တနည်းဆိုရလျင် ကျွန်တော့ စီနီယာ ဆိုလျင်လည်း ပြော၍ရပါသည်။ နာမည်တော့ မဖေါ်ပြတော့ပါ။

မိမိတို့ အဖွဲ့သား ဝန်ထမ်း မင်္ဂလာဆောင်သည်ဆိုတော့ ... ကူညီကြသည်ပေါ့ ။ တယောက် လက်ဖွဲ့ငွေ မည်မျှ ထည့် လကုန်လျင် လခမှ ဖြတ်။ ကိစ္စမရှိပါ။ မိမိနာမည်နှင့် စာအိတ်ကလည်း ရောက်လာပြီကိုး။ ကျွန်တော် တွေးထားသည်က မင်္ဂလာပွဲ ပြီးလျင် သတိုးသားအား ဘီယာ တိုက်ခိုင်းမည် ဟုပင်စဉ်းစားထားပါသည်။

ဧည့် ခံချိန်က နံနက် ၈ နာရီမှ ၁၀ နာရီ အထိ။ ဝါးတီး အမုန်းဖွင့်လိုက်မည်ဟု စိတ်ကူးထားခဲ့ပါသည်။ မင်္ဂလာဆောင်ပွဲနေ့ ရောက်တော့ ကျွန်တော့ အနေဖြင့် ဒီနေ့ ဝါးတီး ရှိတယ်ဟု ဆိုကာ နံနက်စာပင် စားမလာခဲ့ပါ။ ဤ သို့ဖြင့် မင်္ဂလာ ဆောင်သည့် ခန်းမသို့ ရောက်ပြီ ဆိုကြပါစို့။

လှတပတ ဝတ်ထားသော လှပျိုဖြူများ အဝင်ဝတွင် လက်ဖွဲ့များ လက်ခံ နေကြသလို သတိုးသား သတိုးသမီးကတော့ ပြုံးပြုံးကြီးဖြင့် လာသမျှလူ နွားပွဲစား နွားကြည့်သလို သွားဖြဲပြနေပါတော့သည်။ ကျွန်တော်လည်း မိမိတို့ ကုမ္ပဏီ အဖွဲ့သားများ ထိုင်ရာ ဝိုင်းသို့ သွားကာ ဝင်ထိုင်လိုက်ပါသည်။

ထို့နောက် လာပါလေပြီ။ ဝိုင်ဖန်ခွက် ကဲ့သို့သော စတီးဖန်ခွက် အသေးလေးတွင် ဂေါက်သီးဘော်လုံးသာသာ ရေခဲ့မုန့် လုံးလုံးလေး ထည့်ထားပါသည်။ ထို့နောက် ပန်းကန်ပြား ထဲတွင် လက်သုံးချောင်းခန့် အပြားရှိသည့် ကိတ်မုန့် ခြောက် ၂ ချပ်ထည့်ထားပါသည်။ ကျွန်တော်ထင်ထားသည်က " ဩ.. သူတို့ မင်္ဂလာဆောင်က အချိုပွဲ အရင် ချပေးတာ ထင်ပါရဲ့ " ဟူ၍။ ဘယ်သိပါမည်နည်း ။

Henry Aung အမည်ရှိ သကောင့်သား ငတ်ကြီးကျ သူကတော့ ကိတ်မုန့် ခြောက် တချပ်လျင် နှစ်ကိုက် နှုန်း ဖြင့် စုစုပေါင်း ၄ ကိုက် ကိုက်လိုက်သည်နှင့် ကိတ်မုန့်ခြောက်ကာ ဗိုက်ထဲ ဝင်သည့် အဆင့်မရောက်လိုက်ပါ။ သွားကြားတွင် ကပ်သွားသော သွားချေး အဆင့်နှင့်ပင် ကိတ်မုန့်ခြောက်က ကိစ္စချောပါလေပြီ။

ထို့နောက် ဂေါက်သီးဘောလုံး အရွယ် ရေခဲမုန့်ကတော့ ပါးစပ်ထဲ တခါတည်း ကောက်ထည့်လိုက်သည်ဟု ထင်ပါသည်။ အခြားသူများကတော့ ကိတ်မုန့်ဖဲ့လိုက် ရေခဲမုန့် တဇွန်း ငုံလိုက်ဖြင့် ။ ထို့နောက် အားလုံး စားပြီးသွားသော် မန်နေဂျာက ရုံးပြန်ကြစို့ ဟူ၍ ပြောမှ မျက်လုံးပြူးသွားရပါတော့သည်။

အခြားသူများအားကြည့်တော့လည်း အားလုံး ထိုင်ခုံမှ ထနေကြပြီဖြစ်ပါသည်။ ကျွန်တော်လည်း ယောင်တောင်တောင်နှင့် လိုက်ပြန်ခဲ့ရပါသည်။ ကားပေါ်ရောက်မှ အနားတွင်ရှိသော သူငယ်ချင်း အား ဖြစ်ကြောင်း ကုန်စင်မေးရပါသည်။

ထိုသူငယ်ချင်းကလည်း ရယ်စရာ တခုရပြီ ဟူ၍ ရုံးရောက်သည်နှင့် အော်ကြီး ဟစ်ကျယ် ဖွပါလေတော့သည်။ ကျွန်တော် မင်္ဂလာဆောင် ရှိသည်ဟူ၍ ထမင်း မစားလာသည့် အကြောင်း။ အားလုံးကလည်း ဝိုင်းရယ်ကြပါသည်။ ထိုနေ့ကတော့ မန်နေဂျာက ကျွန်တော့အား သနားသွား၍ ထင်ပါသည် နေ့လည်စာ ကြာဇံကြော်ဝယ်ကျွေးပါသည်။ သောက်ကျိုးနည်း မင်္ဂလာဆောင်။

နောက်များမှ သိရသည် မှာ အချို့မင်္ဂလာဆောင် က ရေခဲမုန့် ကျွေးသလို အချို့ ကလည်း လဖက်ရည်နှင့် မုန့်နှင့် ပြီးရသည်လည်း ရှိပါသည်။ မင်္ဂလာဆောင် အားလုံးတော့ မဟုတ်ပါ။ အချို့ မင်္ဂလာဆောင်များတွင်တော့ ထောပတ်ထမင်း / ဒန်ပေါက် စသည်ဖြင့် ဧည့်ခံကြသည်ကို ကြုံဘူးပါသည်။

ကျွန်တော် စေဒကတက်လိုသည်မှာ မတတ်နိုင်လျင်လည်း ဘုန်းကြီးကျောင်းတွင် မင်္ဂလာဆွမ်း ကောင်းကောင်းမွန်မွန် ကပ်၍လည်း မင်္ဂလာကိစ္စပြီးမြောက်နိုင်ပါသည်။ ခန်းမကြီးငှား၍ မင်္ဂလာဆောင် နိုင်သေးလျင် အနည်းဆုံးတော့ ဗိုက်ဝအောင်ကျွေးသင့်သည်ဟု ထင်ပါသည်။ စော်ကားပြောခြင်း မဟုတ်ပါ ကျွန်တော့ အထင်အားဖေါ်ပြပေးရခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်လည်း မင်္ဂလာ ထမင်းဟင်း မစားရမည့် အတူတူ သတိုးသား အလုပ်ပြန်လာဆင်းလျင် ဘီယာတော့ ရအောင် တိုက်ခိုင်းမည်ဟု ကြံစည်ထားခဲ့ပါသည်။ သို့သော် ထို အကြံစည်လည်း အထမမြောက်ခဲ့ပါ။

အဘယ့်ကြောင့် ဆိုသော် မင်္ဂလာဆောင် အပြီးတွင် သတိုးသား ဘက်မှ အမျိုးများနှင့် သတိုးသမီးဘက်မှ အမျိုးများ လက်ဖွဲ့ ပစ္စည်းများ အဝေမတည့်ရာမှ ရန်ဖြစ်ကြသည်ဟုဆိုပါသည်။ တခေါက် ဆို တခေါက်ဆိုသလောက် သတိတရရှိမိသော ရန်ကုန် အကြွား ဖြစ်ပါသည်။

Henry Aung ( Kachin )

05/12/2021 - Sunday - 18;52 Pm

Sort:  

မြို့ပြရဲ့ မင်ဂါဆောင် အဝတီးမည်ဆိုသော
ကိုဟင်နရီအောင် ကို
မျက်လုံးထဲမှာ မြင်ယောင်လာသလိုလိုပ 😁
!PIZZA
!LOLZ

Did you hear about the remote control that went to jail?
He was charged with battery

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

မနက်စာ မစားလာပါဘူးဆိုမှ ရေခဲ့မုန့်တွေလာကျွေးနေတယ်...!PIZZA. !LOL

Why did the scarecrow win an Oscar ?
He was best in his field .

@htwegyi, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)

တောဓလေ့ပဲကောင်းတယ် အကို
!PIZZA
!LOLZ

If asbestos is really as bad as it is claimed...
...then I don't want to know how bad asworstos is.

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

ဟုတ်ပါ့။ ဟန်ဆောင်မှုကင်းတယ်... ပကာသန တွေ မလိုဘူး..!PIZZA. !LOL

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Saint-Nicholas challenge for well-behaved girls and boys
Feedback from the December 1st Hive Power Up Day
Hive Power Up Month Challenge - Winners List

Thanks You.... !PIZZA

You're welcome @kachinhenry.

BTW, it would be much appreciated if you support our proposal on Peakd, ecency, Hive.blog or using HiveSigner so we can continue our work!
https://peakd.com/me/proposals/199
Thank you!

screen_shot_2021_12_08_at_08.07.55.png

Proof with attached image. Voting has been done.

Thank you for your unfailing support @kachinhenry, much appreciated! 👍

ကျနော် မင်္ဂလာဆောင်ရင် ထမင်းလည်း ကျွေးမယ် ဘီယာပါ တိုက်မယ်
ဟွန်းဟွန်း
!PIZZA

ပြီးရင် KTV ပါပို့ခိုင်း အုံးမှာ...!LOL. !PIZZA

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ရန်ကုန်အကြွားကြီးချက်ကတော့ ပြောမနေနဲ့ ဘယ်ဟိုတယ် ဘယ်လိုကောင်းတာနဲ့ လူကြားသူကြားပြော ပီးတော့ သူ့ထမင်းဂျိုင့်မှာ နေ့တိုင်းပဲဟင်း ခိခိ (ကျွန်တော်ကြုံခဲ့တာလေးပါ ) !LOLZ !PIZZA

OH NO!
You are out of jokes for the day!

@nyinyiwin you can call @lolzbot a maximum of 4 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ရန်သူ / သား များဟာ အိမ် အလည် ခေါ်တာ ရှားတယ်။ များသော အားဖြင့် အပြင်မှာပဲ အတွေ့ခံကြတာရယ်။ !PIZZA. !LOL

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

မန်းလေးလည်း တူတူပါပဲဗျာ။ ကော်ဖီ၊ ကိတ်မုန့်နဲ့ ပြီးတော့
လက်ဖတ်ကလေးနဲ့ပြီးကြတာကများပါတယ်။
မင်္ဂလာဆောင်ကို စီးပွားတွက် တွက်ကြတာဗျာ။ 😅
အားလုံးတော့မဟုတ်ပါဘူး။

!PIZZA

ရန်ကုန် အကြွားက မန်းလေးထိ ရောက်လာပြီးကိုး...!PIZZA

ဟုတ်တယ် ရန်ကုန်က အကြွားကတော့ နံပါတ်တစ်ပဲလေ။!PIZZA

တနေ့တနေ့ ဘယ်သူ့ကို ဘာကြွားရမလဲ စဉ်းစားနေသူတွေ။ !PIZZA. !LOL

Why didn’t the mathematician travel?
He could never reach the city limit.

@uthantzin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

ရန်ကုန်အကြွားကတော့တကယ်။ သူငယ်ချင်းတစ်ယောက် ရန်ကုန်ကိုအလုပ်ပြောင်းသွားတာ။ ဟိုရောက်တော့ တချို့မန်းလေးသူတွေလိုရိုးရိုးကြီးဝတ်လို့ အလုပ်မှာအဆင်မပြေဖြစ်လို့ ပလာဇာကအလန်းဖက်ရှင်ဝယ်ဝတ်တော့မှ ခေါ်ကြပြောကြတာတဲ့။ သူပြောပြတာပါ။

ရွှေဆွဲကြိုး အတု လက်ကောက်အတု နဲ့ ကြွားတာတွေက တမျိုး။ !PIZZA. !LOL

I slept like a baby last night.
I woke every two hours and cried.

@nweoomon, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

ဟုတ်ပါ့

အာ့ ခန်းမ အချိန်ပြည့်ရင် လက်ဖွဲ့ပြီး ပြန်ခဲ့ရတာတွေတောင်ရှိသေး မပြန်လို့လည်း ရမှမရပဲ မီးအမှောင်ချပလိုက်တာကိုး 😁

တကယ်ကို လုပ်တာနော်.... ကြုံဘူးတယ်။ !PIZZA. !LOL

If alcohol negatively affects short-term memory...
What does alcohol do?

@ansoe, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)

အကြွားမှာ ရန်၊ စကားမှာ မန်း၊ အစားမှာ မော်မကြည့်နဲ့လို့ လူကြီးစကား ကြားခဲ့ဖူးတယ်ဗျာ။ ကိုဟင်ပြောတာနဲ့ ကွက်တိပဲ။

ရန်ကုန် တခေါက်လောက် အလည်လာခဲ့ပါလို့...!PIZZA. !LOL

I really love video games where you go for an deep sea adventuring.
They're just so immersive.

@nyimwa, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

ရန်ကုန်မြို့ကြီးသားတွေက ဟိုတုန်းထဲက အကြွားထူတာပ။ ရန်ကုန်အကြွား၊ မန္တလေးစကား၊ မော်လမြိုင်အစား ဆိုလားပဲဗျို့။ !LOLZ

Why was an insomniac shot by the police?
He was resisting a rest.

@kachinhenry, I sent you an $LOLZ on behalf of @sayalu
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)

ရန်ကုန် အကြွားအကြောင်း ရေးပြရရင် ကုန်နိုင်ဖွယ်မရှိပါဘူး။ !LOL. !PIZZA. !LUV


@kachinhenry(1/1) gave you | wallet | market | tools | connect | <><

People who are color blind have the highest rates of divorce.
They can't see the red flags.

@sayalu, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
naythan tipped kachinhenry (x1)
@kachinhenry(16/16) tipped @myanmarkoko (x1)
kachinhenry tipped nyimwa (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped hivebuzz (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped nyinyiwin (x1)
kachinhenry tipped naythan (x1)
kachinhenry tipped donjaun (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped ansoe (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped sayalu (x1)
kachinhenry tipped htwegyi (x1)

Learn more at https://hive.pizza.