လေကောင်းလေသန့် ( Henry Aung )

in HIVE-MYANMAR2 months ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခုတလော စာ / ဆောင်းပါးများသာ ရေးနေရသည် စိတ်ကတော့ အတော်လေး ကသိကအောက်ဖြစ်နေပါသည်။ ဘာကို မကျေမနပ်ဖြစ်နေသည်မသိ တခုခုကို မကျေမနပ် ဖြစ်သလိုလို တခုခုအား သဘောမကျသလိုလို နေ့စဉ် ရှင်သန်နေရသည်မှာ အဓိပါယ်မဲ့ သလိုခံစားနေရပါသည်။ ဤသည်မှာ Facebook ကြည့်ပြီးတိုင်း ဖြစ်လာသည့် ခံစားချက်ဖြစ်ပါသည်။

အခြားနိုင်ငံများက Covid ကူးစက်ရောဂါအလွန် စီးပွားရေးအား မည်သို့ ပြန်လည် ကောင်းမွန်ရန် အစိုးရများက ကြိုးစား နေသည့် သတင်းများ အချို့နိုင်ငံများက ခရီးသွားလုပ်ငန်း များအတွက် လေကြောင်းလိုင်းများ ပြန်ဖွင့်ပေးသကဲ့သို့ အနောက်နိုင်ငံ ကြီးများနှင့် စီးပွားရေး ပြန်လည် ကောင်းမွန်လာစေရန် နိုင်ငံတကာ ထိပ်သီး အစည်းအဝေးများ ကျင်းပကာ ကမ္ဘာ ကြီးအား ဟန်ချက်ညီစေရန် ပြန်လည် တည့်မတ်နေကြပြီ ဖြစ်ပါသည်။

ဤကဲ့သို့ သတင်းများ ဖတ်ပြီးတိုင်း ငိုချင်လာသလိုလို ရင်ထဲ မွန်းကျပ်လာသလိုလို ခံစားရပါသည်။ အရှေ့တောင် အာရှ နိုင်ငံများတွင် တချိန်က အဆင်းရဲဆုံးသော လာအို ကဲ့သို့ နိုင်ငံက မိုးပျံရထား စီမံကိန်း များ အကောင်ထည် ဖေါ်နေကြချိန် ကျွန်တော်တို့ နိုင်ငံကတော့ လျပ်စစ်ရထား အိမ်မက် မက်နေတုန်း ။

တခါတလေ ငါတယောက်တည်း မဟုတ်ပါဘူး အများပြည်သူ အားလုံးနီးပါး ဒုက္ခ ရောက်နေတာဟု ဖြည့်တွေးသော်လည်း ယခုကဲ့သို့ သုံးလိုက်ဖြုန်းလိုက်သော ငွေကြေး / လူ့အရင်းမြစ်များအား နိုင်ငံတိုးတက်ရေး အတွက်သာ သုံးလိုက်ရရင်ဖြင့်ဟူသော အတွေးက လူကိုကြိတ်မနိုင်ခဲမရ ဖြစ်စေပါသည်။

ငါ့မှာ အချိန်တွေ ပိုနေတာပဲ Online မှ ကျားစီးဖားစီး စီးပွား ရှာလိုက်မဟဲ့ ဟုကြုံးဝါး မိသော်လည်း တောထဲ တောင်ထဲ မိမိအသက်အား စတေးနေသူတို့ မျက်နှာ များအား မြင်ယောင်မိလျင်ဖြင့် မိမိကိုယ်မိမိ လိပ်ပြာမလုံ ဖြစ်ရပါသည်။ နေ့စဉ် နံနက် နိုးထလာတိုင်း မွန်းကျပ်သော လေအား ရှူရှိုက်၍ နိုးထနေရသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။

လွတ်လပ်သော သန့်ရှင်းလတ်ဆတ်သော အနှောင်အဖွဲ့ကင်းသော လေကောင်းလေသန့် အား တဝကြီး ရှူရှိုက်ရမည့် နေ့ကိုသာ မျှော်နေမိပါတော့သည်။

Henry Aung ( Kachin )

20/11/2021 - Saturday - 18;04 Pm

Sort:  

facebook ကြည့်ရင် စိတ်မကောင်းစရာတွေများတယ်
!PIZZA

မကြည့်ပဲလည်း မနေနိုင်ဘူးကိုးလို့ !PIZZA. !LOL. !LUV

Yesterday a clown held a door open for me.
I thought it was a nice jester.

@naythan, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)

ကျနော်လဲ အတူတူပဲ အကိုဟင်ရေ နေရတာ မွန်းကြပ်နေတာ။ !PIZZA

ကြိုးစားပြီးတော့ ရှင်သန်ရမှာပါ့။ !PIZZA. !LOL. !LUV

Why did the worker get fired from the orange juice factory?
Lack of concentration.

@nyinyiwin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)


@kachinhenry(1/1) gave you LUV | wallet | market | connect | <><

ဟုတ်တယ်ဗျာ တခါတလေ အသက်ရှုမဝသလိုကြီး ခံစားနေရတာ။ :(

အဖက်ဖက်က ကောင်းကွက်တခုမှ မရှိတော့ အသက်ရှူရတာလည်း မကောင်းတော့ဘူးပေါ့။ !PIZZA. !LOL. !LUV

My house-mate is terrified of negative numbers
He'll stop at nothing to avoid them.

@nyimwa, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

တနေ့ပေါ့ အကို
!PIZZA

ဟုတ်တာပေါ့.... တနေ့နေ့ပေါ့... !PIZZA. LOL. !LUV

ဟုတ်တယ်အစ်ကို အဲသလို ခံစားချက်မျိုးတွေ နေတိုင်းခံစားနေရတာပါ။ တစ်ခုခုနဲ့ မေ့မေ့ပျောက်ပျောက် နေသော်လည်း Facebook ဖတ်ပြီးတဲ့အခါ နဲ့ သေနတ်သံလိုလို ဗုံးပေါက်သံလိုလို ကြားရပြန်ရင် စိတ်က မကျေနပ်သလို ဖြစ်သွားပြန်ရော ။ အမြန်အောင်မြင် ချင်ပါဘိ....!PIZZA

ဟုတ်တယ်.... တခါတလေတော့လည်း ဘားမှကို တွေးမနေတော့ဘူး။ !PIZZA. !LUV. !LOL

I wouldn't buy anything with Velcro
It's a total rip-off.

@uthantzin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

လူတွေရဲ့ စိတ်တွေ ပြန်တည်ငြိမ်းဖို့ အတော်လုပ်ကြရပေအုံးမည်။
နိုင်ငံကြီး အေးချမ်းပြီးရင် လူတွေ အေးချမ်းဖို့ အရှိန်ရသွားမှာပါ။
!PIZZA
!LOLZ

What do you call a knight who is afraid to fight?
Sir Render

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

အဲဒီအချိန်ပဲ အမြန်ရောက်ချင်မိ။ !LOL. !PIZZA. !LUV

ဟုတ်ပါ့။ နေရတာစိတ်ကိုမလုံခြုံတော့ဘူး။
ဒီနေ့အတွေ့အကြုံလေး တစ်နေ့နေ့မှရေးရအုံးမယ်။

မြင်ရကြားရတာတွေတော့ ကောင်းကွက်တခုမှ မရှိဘူး.... ကောင်းတော့ ကောင်းတယ် စိတ်ပျက်ဖို့။ !PIZZA !LOL. !LUV

မဂ်လာပါ စာဖတ်ရတာ ကောင်းပါတယ် ခင်ဗျ

ကျေးဇူးအများကြီးတင်ပါတယ်။ !LOL. !LUV. !PIZZA

စိတ်ကြည်လင်မှု့ မရှိတာတော့ အသေအချာပါ
အနာဂတ်က မှုန်ဝါးနေ လက်ရှိကမရေမရာ မြင်သမျှကြားသမျက စိတ်မချမ်းသာစရာ

မြင်ရကြားရတာတွေတော့ ကောင်းကွက်တခုမှ မရှိဘူး.... ကောင်းတော့ ကောင်းတယ် စိတ်ပျက်ဖို့။ !PIZZA. !LOL. !LUV

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped htwegyi (x1)
kachinhenry tipped nweoomon (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped naythan (x1)
@kachinhenry(9/20) tipped @mamamyanmar (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped donjaun (x1)
nyinyiwin tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
naythan tipped kachinhenry (x1)
kachinhenry tipped babakyi (x1)

You can now send $PIZZA tips in Discord via tip.cc!

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more