သောင်းပြောင်းထွေလာ ( Henry Aung )

in HIVE-MYANMAR2 months ago (edited)

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ ဇတ်လိုက်ကြီး Hive ကတော့ USD $2 အောက်သို့ ဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ သို့ပေသိ ကိစ္စမရှိပါ။ Hive အား ဈေးအကျတွင် စောင့် ဝယ်နေသူတို့ ရှိသောကြောင့် အများကြီး စိုးရိမ်စရာ မရှိဟုထင်ပါသည်။ အမှန်တော့ Hive တခုတည်းသာ မဟုတ်ပါ။ Cryptocurrency အားလုံး အနီရောင်သန်းလျက် ရှိနေပါသည်။

ယခင်က ကျွန်တော်ပြောခဲ့ပြီး ဖြစ်သည့် အတိုင်း ဈေးတက်ပြီးလျင် ကျလာမည်။ ဈေးကျလာပြီး နောက်ထပ်တက်မည်။ ကိစ္စမရှိပါ။ ကျွန်တော်တို့က လုပ်စရာရှိသည်များ ဆက်လုပ်သွားယုံသာ ဖြစ်ပါသည်။

မိတ်ဆွေတို့ သိပြီးဖြစ်သည့် အတိုင်း ကျွန်တော်တို့ အချိန်ပေး၍ Boost လုပ်နေသော Ecency ကလည်း သူ၏ Boosting Value ကို လျှော့ချလိုက်ပြီ ဖြစ်ပါသည်။ Ecency အားကိုး၍ မိမိ Post အား Boost လုပ်သူများလွန်းသော ကြောင့် သူတို့တွင် ရှိထားသော Power များဖြင့် မနိုင်မနင်း ဖြစ်လာပါတော့သည်။

ယခင်ကတော့ ယနေ့ Boost လျင် မနက်ဖြန်လာ Vote ပေး အဆင်ပြေနေခဲ့ပါသည်။ ယခုတော့ တခါ Boost ထားလျင် မနက်ဖြန် Ecency point ပြန်ရပါ့မလား စိုးရိမ်နေရပါသည်။ ၃/၄ ရက် တကြိမ် Vote ပေးလျင်ဖြင့် ထီပေါက်သကဲ့သို့ ပျော်ရပါသည်။ မတတ်နိုင်ပါ။

Hive လည်း ဈေးတက်စေချင်ပါသည်။ ဈေးတက်လာလျင်လည်း ဤသို့ ကသောင်းကနင်း ဖြစ်လာသည်ကိုလည်း သည်းခံရုံသာ ရှိပါသည်။ မိမိလည်းဘာမျှ တတ်နိုင်သည်မဟုတ်။

ယခုတလော စာရေးရသည်ကတခုတော့ကောင်းလာပါသည်။ Comment များဖြင့် ဝေဝေဆာဆာ ဖြစ်လာပါသည်။ အများအားဖြင့်တော့ Lol comment များ ဖြစ်ပါသည်။ တခုသတိထားမိသည်မှာ ကျွန်တော့တွင် Lol 70 ကျော်သာ ရှိသောကြောင့် Lol comment 7 ခုသာ ပေးနိုင်ပါသည်။

မတတ်နိုင် ယခုတလလုံး မည်သည့် token မျှ မဝယ်ဟု ဆုံးဖြတ်ထားသော ကြောင့် Lol token ဝယ်ယူ အုံးမည်မဟုတ်ပါ။ ကျွန်တော့ Post ၏ ပထမဆုံး Comment 7 ခုသာလျင် Lol ပေးနိုင်မည် ဖြစ်ပါသည်။ သည်းခံကြပါကုန်။ Lol မပေးနိုင်တောင် Pizza တော့ အကြိုက်ပေးနိုင်ပါသည်။

ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့် ကျွန်တော့ ထံမှ Lol token မရလျင် စိတ်မဆိုးကြပါနှင့်။ Lol မရတောင် နေ့စဉ် Pizza ကျွေးနိုင်ပါသေးသည်။ Luv ကတော့ အတော်များများအား ပေးဖြစ်ပါသည်။ သို့သော် တနေ့လျင် Luv ဘယ်နှစ်ကြိမ် ပေးနိုင်သည် ကျွန်တော်မသိပါ။ ကျွန်တော့ ထံတွင် LUV ၁၄ ခုသာ ရှိထားပါသည်။ မိတ်ဆွေများ အနေဖြင့် လည်း Luv မည်မျှ ပေးနိုင်ကြောင်း သိထားလျင် မျှဝေပေးစေချင်ပါသည်။

Hive အနေဖြင့် လည်ကောင်း Hive Engine token များသည် လည်ကောင်း Hive ဈေးအတက်အကျကြားတွင် အတော်လေး ကမောက်ကမဖြစ်နေအုံးမည်ဟုထင်ပါသည်။ Hive အနေဖြင့် တည်ငြိမ်သော ဈေးတခုရောက်သွားလျင် အရာရာ ပြန်လည် အဆင်ပြေလာပါလိမ့်မည်။

ယခုတလော နာမည်ကြီးနေသည့် သတင်းကတော့ မိတ်ဆွေတို့ သိပြီး ဖြစ်သည့်အတိုင်း Mobile Data များ ဈေးတက်လာမည့် အကြောင်း ဖြစ်ပါသည်။ Mobile Data ဈေးတက်လာလျင် ဈေးကွက်စီးပွားရေး မည်မျှ ထိခိုက်လာမည်ကိုတော့ ကျွန်တော်မသိပါ။

သို့သော် ပြည်သူတို့ သဘောပေါက်လာသည်က ကြင်စိုးတို့ တသိုက် မြန်မာပြည်အား ပိုကောင်းအောင် မလုပ်နိုင် ကျပ်တည်းလာအောင်သာ လုပ်နိုင်ကြောင်း သဘောပေါက်လာကြပါသည်။ ယခင်က ကိုယ်နှင့် မဆိုင်သလို နေသူတို့လည်း ယခုတော့ အားလုံးဆိုင်လာရပါပြီ။ မတတ်နိုင်။ မြန်မာပြည်တွင် လူဖြစ်လာပြီကိုးလို့။

ကျွန်တော်စဉ်းစားမိပါသည်။ အချို့ဆရာ တော်ကြီးများ တရားဟောရာတွင် လူတယောက် ဖြစ်လာရန် အတွက် အလွန်ခဲယဉ်း ကြောင်း လူဖြစ်သည့် အချိန်တွင်လည်း သာသနာနှင့် ကြုံကြိုက်ပါမှ နိဗ္ဗာန် သို့ ရောက်နိုင်ကြောင်း ။

ကျွန်တော်တို့ကာ ကံကောင်းလှ၍ ဤ အချိန်တွင် လူလာဖြစ်ကြပါသည်။ ထိုထက် ကံကောင်းသည်ကာ နိဗ္ဗာန်ရောက်ကြောင်း တရားပြမည့် သာသနာနှင့် လည်း ကြုံကြိုက်နေကြပါသည်။ သို့သော် ကျွန်တော်တို့ကာ လောကီ အပူများ ဖြင့် ပူလောင်နေကြရပါသည်။

ကျွန်တော် မှတ်သားဘူး သည့် အရာတခုမှာ ဗုဒ္ဓမြတ်စွာဘုရား ဖြစ်လေရာ ဘဝတွင် ဒေဝဒတ်က ဘုရားလောင်း နှင့် ဆန့်ကျင်ဘက်ပြုခြင်းဖြင့် ဘုရားလောင်း ၏ ပါရမီကို ပိုမိုရင့်သန်လာစေသည့် အကြောင်း ဖြစ်ပါသည်။ ယခုမြန်မာပြည်တွင် မည်သူက ဘုရားလောင်း ဖြစ်သည်ကိုတော့ မသိပါ ဒေဝဒတ်ကိုတော့ဖြင့် ဦးစွာ မြင်နေရပြီ ဖြစ်ပါသည်။

Henry Aung ( Kachin )

04/12/2021 - Saturday - 18;14 Pm

Sort:  

ကျွန်တော်တို့ ဇာတ်လိုက်ကြီးကလည်း သူများနည်းတူ လိုက်ကျပေးရတယ်ထင်ပဗျာ။ မိုဘိုင်းဒေတာတွေ ဈေးတက်တော့ ဒုက္ခရောက်မှာတော့အမှန် ဟိုက်ပလက်ဖောင်းပေါ် အရင်လို အချိန်ကြာကြာ နေနိုင်ပါ့မလားတောင် စိုးရိမ်မိတယ်။ !LOLZ !PIZZA
!LUV

Hive က သူ့အလုပ်သူလုပ်ပါလိမ့်မယ်။ ကျွန်တော်တို့က ကျွန်တော်တို့ အလုပ်လုပ်ရုံပါ့။!PIZZA. !LOL

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

I sent my girlfriend a 'Get Better' card.
She's not sick, or anything - I just think she can get better..

@kachinhenry, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

အခုတော့ Mobile Data တတ်တော့မယ်
နောက်ဆို wifi လဲ ဘယ်လိုလာမလဲမသိဘူး မျက်ခုံး ခပ်လှုပ်လှုပ်ရယ်
!PIZZA
!LOLZ
!

Did you hear about the dyslexic pimp?
He bought a warehouse.

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

အဆင်ပြေသလိုပေါ့ ညီရေ...!LOL. !PIZZA

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

data တင် မဟုတ်ဘူး
wifi ပါ တက်မယ် ပြောနေတယ်ဗျာ
စိတ်ညစ်တယ်
!PIZZA

ကိုဟင် မေးကြည့်တာ.. Wifi တွေကို ညွန်ကြားချက် ထွက်မလာသေးဘူးတဲ့

ဒေဝဒတ် က အဖော်တွေနဲ့
ဒင်း အဖော်တွေပါ ကိစ္စတုန်းရမှာ။
အပေါ်က အပိုဒ်မှာ $1 အစား $2 လို့ ပြန်ပြင်ပေးအုံးဗျို့။
!PIZZA
!LOLZ

ကျေးဇူးပဲ... ပြင်လိုက်ပြီ. !PIZZA

I really love video games where you go for an deep sea adventuring.
They're just so immersive.

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

ဒေဝဒတ်အနား အမတ်ကြီး ဦးပေါ်ဦးရောက်နေပီလားမသိ😂။!PIZZA

တောင်တွင်း ရှင် ရှင် ဥက္ကဋ္ဌတို့ ရောက်နေစေချင်တာ...!PIZZA. !LOL

I slept like a baby last night.
I woke every two hours and cried.

@sheinthu, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)

Ecencyလဲသူ့အခက်အခဲနဲ့သူမို့ ခွင့်လွှတ်ရသော်လည်း ကြင်စိုးကိုတော့ သူမသေခင်လက်သီးနှင့် တချက်လောက်တော့ ထိုးချင်သေးသည်။ !LOLZ

We all need to learn to live with our mistakes.
Which is why I still live with my parents.

@kachinhenry, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)

တချက်တည်းလား.... တော်ပြီလာ..!PIZZA. !LOL.

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ဒေဝဒတ်ကတော့ သောင်းကျန်းနေပြီ။
ကျန်းတာအားမရလို့ လေလိုင်းက အင်တာနက်တောင် လိုက်ရမ်းနေပြီ။
အင်း... ဘုရားလောင်း အမြန်ပေါ်တော်မူပါတော့ဗျို့...

!PIZZA

ရှိတဲ့ဘုရား အဆင်ပြေသလို အကုန်ကယ်မှ ဖြစ်မယ်။. !LOL. !PIZZA

Why did the scarecrow win an Oscar ?
He was best in his field .

@myanmarkoko, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)

ဒေဝဒတ်နဲ့လာတွေ့တဲ့ လူ့သက်တမ်းမှာ လူလာဖြစ်တော့ ပါရမီဖြည့်ဖို့ပဲလို့ မှတ်ယူရတော့မှာပေါ့...!PIZZA

အစ်ကိုလည်း အဲသလိုပဲ တွေးမိတယ်....!PIZZA. !LOL

If alcohol negatively affects short-term memory...
What does alcohol do?

@uthantzin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

!LUV
က 10 ကိုင်ထားလျှင် တစ်ခု မန့်ခေါ်နိုင်ပါသည်။
Update မပြောင်းထားရင် ထိုအတိုင်းသာပေါ့။

အခုလို အသိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။!PIZZA

ဘာမှမပေးလည်းမန့်မှာဘဲ ၊😀

အာ့လို မန့်လည်း Pizza ကျွေးမှာပဲ...!PIZZA. !LOL.

I sent my girlfriend a 'Get Better' card.
She's not sick, or anything - I just think she can get better..

@ansoe, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

မိုင်တဲက ဘဝပျက်နေတော့ တယ်လီနော၊ အော်ရီဒူးတို့ကိုပါ သေဖော်ညှိနေတာ ထင်ပါ့။

အဲဒီနည်းနဲ့ နောက်ဆုံး သုံးချင်သုံးမသုံးချင်နေ ... မိုင်တဲ ပဲ သုံး ဆိုတဲ့ အဆင့်ရောက်လာမလားပဲ...!PIZZA. !LOL. !LUV


@kachinhenry(1/1) gave you | wallet | market | tools | connect | <><

Did you hear about the remote control that went to jail?
He was charged with battery

@sayalu, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

ဟုတ်ပါ့။ boosting valueတွေလျော့လို့ သတိထားမိနေတာ။

ဒါပေသိ... စာရေးတော့ မပျက်စေနဲ့ ... ကိုယ်တွေမှာ စာရေးအားပဲရှိတာ...!PIZZA. !LOL

I'm in hospital because I drunk a cup of petrol.
That was a very fuelish thing to do.

@nweoomon, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

ဟုတ်။ အာ့ကြောင့် တသ်နေ့တစ်ပုဒ်ဖျစ်ညှစ်ပြီးရေးနေရတာ။

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped sheinthu (x1)
kachinhenry tipped uthantzin (x1)
naythan tipped kachinhenry (x1)
nyinyiwin tipped kachinhenry (x1)
sheinthu tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
kachinhenry tipped nweoomon (x1)
uthantzin tipped kachinhenry (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped myanmarkoko (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped golden.future (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped sayalu (x1)
kachinhenry tipped ansoe (x1)
@kachinhenry(10/18) tipped @naythan (x1)

Please vote for pizza.witness!